Map Unavailable

Date/Time
Date(s) - 11/07/2026 - 11/12/2026
All Day

Categories


ပင်လယ်ပြင်ရဲ့ လှိင်းသံ သာသာလေးနဲ့ ပတ်ဝန်းကျင် အေးချမ်းမှုကြားမှာ ခန္ဓာရော စိတ်ပါ နက်နက်ရှိင်းရှိင်း အနားရစေမယ့် ခရီးစဉ်လေးဖြစ်ပါတယ်… 🌿✨

✨ Komyo ReikiDo Classes and Practice
စိတ်၏ ငြိမ်းချမ်းခြင်းကို ရှာဖွေရင်း ခန္ဓာကိုယ်အတွင်းက မောပန်းသမျှ စွမ်းအင် (Ki) တွေကို ပြန်လည် မျှတသန့်စင်ပေးနိုင်ဖိုအတွက် KRD practitioner များနဲ့အတူ Reiki သင်တန်းများနှင့် လက်တွေ့ လေ့ကျင့်ခန်းများကို အတူတကွ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

✨ Oshite Chiryo : Traditional Japanese Reiki ရဲ့ နူးညံ့တဲ့ စွမ်းအင်ကုသမှုအပြင် (Shiatsu) ရဲ့ အထိအတွေ့ကို ပေါင်းစပ်ထားတဲ့ အထူး Oshite Chiryo သင်ခန်းစာကိုလည်း စနစ်တကျ လေ့ကျင့် သင်ကြားပေးသွားမှာပါ။ စွမ်းအင်နဲ့ အထိအတွေ့ ပေါင်းစပ်မှုကြောင့် ပိတ်ဆိုနေတဲ့ ပင်ပန်းမှုတွေ လုံးဝ ပြေပျောက်သွားပါလိမ့်မယ်။

✨ သဘာဝတရား၏ ရင်ခွင်ထဲက သတိတရားနားခိုမှု ပင်လယ်ကမ်းခြေ၏ လန်းဆန်းသော လေပြေ၊ သဘာဝတရား၏ အေးရိပ်ထဲမှာ (Mindfulness)ခဏတာမျှ ငြိမ်သက်စွာ အနားယူရင်း၊ သင့်ရဲ့ စိတ်ရော ခန္ဓာကိုပါ အသစ်တဖန် ပြန်လည် နိုးကြား လန်းဆန်းစေမှာ ဖြစ်ပါတယ်။

🌿 ဒီ Retreat မှာ Relax, refresh and renew your Ki ဆိုတဲ့ Slogan လေးအတိုင်း
Relax: နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေနဲ့ မောပန်းမှုတွေကို သဘာဝတရားကြားမှာ ခေတ္တခဏ မေ့ဖျောက်အနားယူနိုင်မည်။

Refresh: ခန္ဓာကိုယ်ထဲက ပိတ်ဆိုနေတဲ့ စွမ်းအင်တွေကို Oshite Chiryo နဲ့ Reiki နည်းလမ်းများဖြင့် ပြန်လည် စီးဆင်းစေပြီး လန်းဆန်းတက်ကြွစေမည်။

Renew Your Ki: သင့်ရဲ့ မူလ ဓာတ်စွမ်းအင် (Ki) ကို ပြန်လည် ဖြည့်တင်းပေးပြီး စိတ်ဓာတ်နှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာ၊ချမ်းသားခြင်းနဲ့ ဟန်ချက်ညီမှုကို ပြန်လည်ရရှိစေမည်။

🌊 စိတ်စွမ်းအင်တွေကို ပြန်လည် သစ်လွင်ဆန်းသစ်ပြီး အေးချမ်းမှုကို ရှာဖွေဖို Hua Hin Retreat မှာ အတူတူ ဆုံတွေ့ကြမယ်။